မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်မည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း ပူဇော်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ စေတနာရှင် အလှူရှင်များမှ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ပေးအပ်လှူဒါန်းသည်။
အဆိုပါလှူဒါန်းမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းထက်မှူးတို့က လက်ခံရယူခဲ့ပြီး အလှူရှင်များဖြစ်ကြသော ဦးအောင်ဇော်လှိုင်+ဒေါ်လှမျိုးနွယ် (ရွှေမြန်မာကုန်မျိုးစုံရောင်းဝယ်ရေး)မိသားစုမှ အလေးချိန် ၂ပဲ၄ရွေးရှိ ရွှေဆံညှပ်တစ်ခု၊ ကာလတန်ဖိုး(၄၂၀၀၀၀)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များအနေဖြင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟို ဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း သွင်းလှူပူဇော်လိုပါက မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများထံသို့ ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)