ကန်ကြီးထောင့် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ ၂၆ ရက်၊ နံနက် ၉ နာရီက ကန်ကြီးထောင့်မြို့မဈေးနှင့် ဘဲဂရက်ဘူတာ ပျံကျဈေးတို့တွင် ဈေးသည်၊ ဈေးဝယ် များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းဝယ်မှု ရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရ သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က မြို့မဈေးနှင့် ဘဲဂရက်ဘူတာပျံကျဈေးတို့တွင် ဈေး သည်၊ ဈေးဝယ်များ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ တပ်ဆင်မှုရှိ/မရှိ၊ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်မှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
နန်းထိုက် (ပြန်/ဆက်)