(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်ပေါင်ဝဲမြို့၌ အသိပညာပေးဟောပြောပွဲကျင်းပ

ဆင်ပေါင်ဝဲ  ဖေဖော်ဝါရီ ၄

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊  အောင်လံခရိုင်၊  ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့လည်၂နာရီအချိန်က မြို့နယ်အခြေခံပညာ မူလတန်းလွန်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးသိန်းမြင့်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား အကျယ်တဝင့် အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ကျောင်းသား၊ ကျောင်းသူများ၏ နှလုံးသားထဲတွင်ပြည်ထောင်စုနေ့သည် မမေ့မလျော့အပ်သော နေ့ထူးနေ့မြတ် ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပင်လုံစာချုပ်နှင့်ပတ်သက်သည့်အကြောင်းများကို အသိပေးဟောပြောခဲ့ပြီး အခမ်းအနားသို့ ကျောင်းသား/သူ စုစုပေါင်း (၁၃၃)ဦးခန့်တက်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)