ဆဒုံးမြို့၌ ခေါပုတ်တစ်နိုင်တစ်ပိုင်လုပ်ကိုင်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ဆဒုံး ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် ဒေသအစားအစာဖြစ်သော ခေါပုတ်  တစ်နိုင်တစ်ပိုင် လုပ်ကိုင်ရောင်းချသူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိသည်။

ခေါပုတ်သည် ဆောင်းရာသီနှင့် လိုက်ဖက်သော ဒေသအစားအစာဖြစ်ပြီး စားသုံးသူများအနေဖြင့် မီးဖြင့်ကင်ခြင်း၊ ဆီဖြင့်ကြော်ခြင်းများပြုလုပ်၍ သကြား၊ ထန်းလျက်တို့ဖြင့်တွဲဖက်၍ စားသုံးနိုင်ကြောင်း ခေါပုတ်ပြုလုပ်ရာတွင် ကောက်ညှင်းဆန်အား ပေါင်းအိုးဖြင့် ထည့်ပေါင်းပြီး ထုထောင်းကာ နှမ်း/ဆီ/ဆား ဖြင့်ရောနှယ်၍ အပြား(အချပ်)များ ပြုလုပ်ရောင်းချရကြောင်း ခေါပုတ်ပြုလုပ်ရောင်းချသူ ဒေါ်ဆိုင်းနန် ထံမှ သိရသည်။

အဆိုပါ ခေါပုတ်များကိုကောက်ညှင်းဆန် အဖြူ/အမည်း/အညိုရောင် တို့ဖြင့်ပြုလုပ်၍ တစ်ချပ်လျှင် နှစ်ရာကျပ်နှုန်းဖြင့် ရောင်းချနိုင်၍ တစ်ရက်လျှင်ပျမ်းမျှ ငွေကျပ် (၄၀၀၀၀) ချပ်ခန့် ရောင်းချနိုင်ကြောင်း သိရသည်၊၊

ခင်မာဝင်း (ဆဒုံး)