မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ်အဖြစ် မူလတန်းအဆင့် အလွတ်တန်းပန်းချီပြိုင်ပွဲကို မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀) နာရီမှ (၁၁:၃၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါမူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပန်းချီဆရာအသင်း၊ ပန်းချီမြတ်နိုးသူများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် (၁၃)ရပ်ကွက်မှ အခြေခံပညာမူလတန်း အဆင့်ကျောင်းများမှ Grade.3၊ Grade.4 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၂) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲစည်းကမ်းအရ ဖယောင်းဆေး၊ ရေဆေး၊ ဆီဆေးများဖြင့် ကြိုက်နှစ်သက်ရာ ရေးဆွဲယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ၇-၂-၂၀၂၃ ရက်နေ့၌ ထိုက်တန်စွာ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပန်းချီမြတ်နိုးသူများအဖွဲ့ ထံမှ သိရသည်။
ဇော်ဝင်းထွန်း (ပြန်/ဆက်)