ဒိုက်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး နှင့်မွေးမြူရေးလုပ်ငန်းများသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း လာရောက်ကြည့်ရှုစစ်ဆေး

ဒိုက်ဦး ဖေဖော်ဝါရီ ၃

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ ဒရယ်မီးရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ တောင်သူ ဦးသန်းလှိုင်၏ (၂)ဧကဆောင်းနေကြာစိုက်ကွက်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီးနောက် ပေါက်တပင်ကျေးရွာရှိ နွေစပါးစိုက်ခင်းအား ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက်စကောအရှေ့ကျေးရွာရှိ ဦးမောင်ကြည် မွေးမြူထားသောနွားခြံသို့ ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)