နေပြည်တော် ဖေဖော်ဝါရီ ၂
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် စားသုံးဆီများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် (၄၇၀၀)ကျပ် ဈေးနှုန်းဖြင့် ယနေ့တွင် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ယာများတွင် ပိဿာချိန် နှစ်ထောင့်ထောင့်ငါးရာကျော်အား ရောင်းချပေးခဲ့ပြီး ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ ဝန်ကြီးဌာနရုံးများ၊ စည်ပင်သာယာဈေးများ၊ ဝန်ထမ်းအိမ်ယရာများ၊ မြို့နယ်၊ ရပ်ကွက်များသို့ ဆက်လက်၍ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)