မြဝတီ ဖေဖော်ဝါရီ ၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဘုရားဖူး ပြည်သူများ၊ ကျောင်းတက်သူများ၊ ရောင်းဝယ်ဖောက်ကားသူများနှင့် စျေးဝယ်သူများ၊ ရုံးသွားသူများနှင့် လုပ်ငန်းခွင်ဝင်ရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ စည်ကားလျက်ရှိရာတွင် မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော် မြတ်ကြီးတွင်လည်းကောင်း၊ မြဝတီမြို့ အခြေခံပညာ စာသင်ကျောင်းများတွင် လည်းကောင်း၊ မြဝတီမြို့ရှိ ဘုရင့်နောင်စျေး၊ ကြံခင်းစျေးနှင့် ရပ်ကွက်စျေးများတွင်လည်းကောင်း၊ မြဝတီမြို့၊ ဘုရင့်နောင်လမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းမကြီးတို့တွင် သွားလာသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)