ဟုမ္မလင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထက(၁)ကျောင်း ကောင်စီအသင်းလိုက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ

ဟုမ္မလင်း ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်းဒေကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထက(၁) ဟုမ္မလင်း၊ ကျောင်းကောင်စီ အသင်းလိုက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဇန်နဝါ (၂၇)ရက်နေ့ နံနက်ပိုင်းက ဟုမ္မလင်းမြို့၊  အထက(၁)ကျောင်းဝင်း အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောင်းကောင်စီအသင်းလိုက် အနော်ရထာ အသင်း၊ ကျန်စစ်သားအသင်း၊ ဘုရင့်နောင်အသင်း၊ အလောင်း ဘုရာအသင်း၊ ဗန္ဓုလအသင်း စုစုပေါင်းအသင်း (၅)သင်းလိုက် ယှဉ်ပြိုင်နေမှုအား ကျောင်းသား/သူများက မိမိအသင်းလိုက် ယှဉ်ပြိုင်နေမှုအား အားပေးခဲကြ ကြောင်း သိရသည်။

ထို့နောက် ဒိုင်းအဖွဲ့ဝင်များက ကျောင်းကောင်စီအသင်းလိုက်ယှဉ်ပြိုင်ခဲ့ကြသည့် ထမဲနဲပွဲအား အမှတ်ပေး စည်းမျဉ်း စည်းကမ်းချက်နဲ့အညီ  အမှတ်ပေးဆောင်ရွက်ခဲ့ကြရာ ကျန်စစ်သား အသင်းက(ပထမ)၊ ရမှတ်(၅၇၅)၊ အနော်ရထာ အသင်း၊ ဒုတိယဆု၊ ရမှတ်(၅၇၃)မှတ်၊ အလောင်း ဘုရာအသင်း၊ တတိယဆု ရမှတ်(၅၆၅) မှတ်၊ နှစ်သိမ့်ဆု (၁)၊ ဗန္ဓုလ၊ နှစ်သိမ့်ဆု (၂)ဘုရင့်နောင် အသင်းတို့က ဆုများအသီးသီးရရှိကြပြီး၊ ဆုရရှိသူများကို အထက(၁) ကျောင်းအုပ်ဆရာမကြီး နှင့် တာဝန်ရှိသူများက ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)