ကန့်ဘလူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု ရာခိုင်နှုန်းပြည့် ပြီးစီး

ကန့်ဘလူ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြို့နယ်ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အနေဖြင့် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း၊ ရေပေးရေးလုပ်ငန်း၊ မြေသားရေကန်တူးဖော်ခြင်း၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ Cash For Work စီမံကိန်းများ၊ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် ကုန်ထုတ်လမ်း (၁) လမ်း (၁/၆) မိုင်၊ တံတား (၃) စင်း၊ ကျေးလက် ရေပေးရေးလုပ်ငန်းများဖြစ်သည့် စက်ရေတွင်း၊ ရေစင်၊ ရေကန် ဆောင်ရွက်ခြင်းလုပ်ငန်းကို ကျေးရွာ (၈) ရွာ၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ကျေးရွာ (၂)၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်သည့် ကျေးရွာ (၁၆) ရွာတွင် ကွန်ကရစ်လမ်း (၅) လမ်း (၀. ၁၁ )မိုင်၊ မြေသားဘောင်တင် ဂျင်းမြေခင်းခြင်း (၁၂) လမ်း (၅. ၉) မိုင်၊ ကျေးရွာမီးလင်းရေးလုပ်ငန်း (၁) ခု၊ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ဂျင်းမြေခင်းခြင်း (၅) ရွာ (၂. ၅) မိုင်၊ ကုန်ထုတ်လမ်း (၀. ၃၆) မိုင်၊ မြေထိန်းနံရံ (၂) ခု၊ မြစိမ်းရောင်စီမံကိန်းကျေးရွာ (၂) ရွာ၊ မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၈) ခု၊ ကျေးရွာတွင်းလမ်း ဂျင်းမြေခင်းခြင်း (၁) ရွာ (၀. ၈၉) မိုင်၊ မီးလင်းရေး (၁) ရွာ၊ ရေရရှိရေးအတွက် မြေသားရေကန်တူးဖော်ခြင်း (၁) ရွာ၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ကျေးရွာ (၈)ရွာ စသည်တို့ကို ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများအားလုံးကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးဟန်ထွန်းအောင် ထံမှသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)