အင်္ဂပူမြို့နယ် ထန်းပင်ကုန်း (အ-ထ-က) ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

အင်္ဂပူ ဇန်နဝါရီလ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ အနာဂတ်လူငယ်လူရွယ်များသည် တိုင်းပြည်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်ပိုင်းက  အ -ထ -က ထန်းပင်ကုန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်   အ-ထ-က ထန်းပင်ကုန်းကျောင်းမှ တာဝန်ခံဆရာကြီး ဦးချမ်းငြိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီသီရှိန်က  လူငယ်စကားဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား  ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့‌နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းခိုင်က အားကစားသိပ္ပံအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ကျင်းပရာ လူငယ်နှင့်စာပေ၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်မူးယစ်‌ဆေး၊ လူငယ်နှင့်ယဉ်‌‌ကျေးမှု၊ လူငယ်နှင့် အားကစား ခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများမှ သိလိုသည်များကို ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီသီရှိန်နှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အ-ထ-က ထန်းပင်ကုန်းကျောင်းမှ တာဝန်ခံဆရာနှင့် ဆရာ၊ဆရာမများ ၊ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်းများ ပြသပေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)