ကြံခင်း ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် နွေစပါးသီးနှံစိုက်ပျိုးသော တောင်သူများအား ကောမက်အိတ်များ ထောက်ပံ့ပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က နိုင်ငံစီပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော နွေစပါးသီးနှံများ အထွက်နှုန်း တိုးစေရေး၊ တောင်သူများ လယ်ယာကဏ္ဍ ဖွံဖြိုးစေရေးအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် တောင်သူ(၆၈)ဦး စိုက်ဧက(၂၇၈)ဧကအနက်မှ ဘက်ရဲမြို့ရှိ တောင်သူ(၁၈)ဦး၊ စိုက်ဧက(၁၁၆)ဧကအတွက် ကောမက် G46 (၂၃၂)အိတ်ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက်တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)