ကံမမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုခြင်း ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနား ကျင်းပ

ကံမ ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုခြင်း ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က မြို့လယ်လမ်းဆုံ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များက ဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။

အဆိုပါ(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ကြိုဆိုခြင်း ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)