အမာ ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေး အတွက် မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ ဖိုးဦးဇံကျေးရွာ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားကျောင်းတိုက်တော်၌ ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း၊ အမာနယ်မြေရဲစခန်း၊ စခန်းမှူး ရဲအုပ်ကျော်သူရ၊ စစ်ကြောင်းကြီးငါးကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တယ်ပင်ဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ဖိုးဦးဇံကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး စည်းကမ်းများလိုက်နာဆောင်ရွက်ရေး စသည်ဖြင့် မိမိတို့ဌာနအလိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး ပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြသည်။
ယင်းနောက် ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမက တွေ့ဆုံပွဲသို့တက်ရောက်လာကြသော ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)