မြဝတီ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားကို စုံညီပွဲတော် ဒို့နွှဲပျော် သီးချင်းဖြင့် မြို့နယ်ပညာရေးမှူးဦးမြင့်ဦး၊ ကျောင်းအုပ်ဆရာကြီး ဦးမိုးမြင့်အောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် မြို့နယ်ပညာရေးမှူးဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးမိုးမြင့်အောင်က ကျောင်းစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပညာရပ်နယ်ပယ်အလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးကြပြီး ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)