မိုပိုင်းလွတ် ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ မိုပိုင်းလွတ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာမှ စျေးကွက်ဝင် ကော်ဖီသီးနှံ တိုးချဲ့ စိုက်ပျိုးရေး လက်တွေ့ကွင်းသရုပ်ပြကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မိုဝိုင်းလွတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာ တောင်စောင်း၌ ကျင်းပ သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်တင်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး မိုဝိုင်းလွတ်မြို့ သည် ကော်ဖီသီးနှံနှင့် ကိုက်ညီသော ရေမြေသဘာဝရှိသဖြင့် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် အလားအလာကောင်းများရှိသော ကြောင့် စျေးကွက်ဝင်ကော်ဖီသီးနှံများ တိုးချဲ့စိုက်ပျိုးရန် ပြောကြားသည်။
ဆက်လက်၍ မိုဝိုင်းလွတ်မြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးထက်အောင်ကျော်က ကော်ဖီသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် သတိပြုရမည့် စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များ ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့် ပျိုးပင်များကိုသာ သုံးစွဲရေး မြေသြဇာထဲသွင်းနည်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ကော်ဖီသီးနှံစိုက်ပျိုးရေး သရုပ်ပြပွဲသို့ တက်ရောက်လာသော တောင်သူဦးကြီးများ ဌာနဆိုင်ရာဝန်ထမ်းများက ပျိုးပင်များ လက်တွေ့စိုက်ပျိုးခဲ့ကြသည်။ အဆိုပါ ပျိုးပင်များအား စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ကော်ဖီပျိုးပင် ၂၀၀၀ ပင်အခမဲ့ ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မိုပိုင်းလွတ်(ပြန်/ဆက်)