သာပေါင်းမြို့နယ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကညင်ပင်ကျေးရွာ၊ သရက်တောကျေးရွာအုပ်စုများအရောက် ဆောင်ရွက်ပေးလျက်ရှိ

သာပေါင်း ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာအုပ်စု၊ ကညင်ပင်ကျေးရွာနှင့် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး()ကြောင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းများ ကျေးရွာအရောက်ညနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။

ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် အဖွဲ့အမှတ်()မှ ဇန်နဝါရီလ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကညင်ပင်ကျေးရွာအုပ်စု၊ ကညင်ပင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းရှေ့ ဘောလုံးကွင်း၌ အဖွဲ့အမှတ်()မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတို့က တတ်ရောက်လာကြသော ဒေသခံပြည်သူ(၂၃၀)ဦးတို့နှင့် တွေ့ဆုံ၍ အဖွဲ့အမှတ်()မှ သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၊ သဒ္ဓမ္မပါလကျောင်းတိုက်ရှိ အရိယာလမ်းပြဓမ္မာရုံ၌ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်() ဗိုလ်မှူးသန်းနိုင်နှင့် ဌာနဆိုင်ရာများက တတ်ရောက်လာကြသော ကျေးလက်နေပြည်သူ(၅၃၀)ဦးတို့နှင့်တွေ့ဆုံကြ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများ အားလုံးကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်းသင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ်လုံခြုံရေး၊ မြေပြင်လူဦးရေစာရင်းကွင်းဆင်း ကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း(၆၆/)ပြုလုပ်နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်းMaskတပ်ဆင်ရေး၊ ကျေးရွာအုပ်စုပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်း ဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ရေး၊ လမ်းပေါ်စပါးမလှန်းရေး၊ အလှူခံများလမ်းနှင့်လွတ်အောင် ယာဉ်အန္တရာယ် မဖြစ်စေဘဲအလှူခံရေး၊ ဆောင်းသီးနှံနေကြာပြည့်မီစွာစိုက်ပျိုးရေး၊ စနေနေ့တိုင်းကျေးရွာအလိုက်၊ နေအိမ်အလိုက်သန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်ရန်၊ ထင်း၊ မီးသွေးတရားလွန်ထုတ်ယူသုံးစွဲမှုမရှိရေး၊ ထင်းမီးသွေးအစားထိုး စပါးခွံလောင်စာတောင့် စက်ရုံတည်ဆောက်သုံးစွဲရေး၊ နိုင်ငံစီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့်သွင်းအားစုထုတ်ယူရေး၊ နွေစပါး၊ ပဲတီစိမ်းစိုက်တောင်သူများ စာချုပ်ချုပ်ဆိုဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကိစ္စရပ်များရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် COVID-19 ကာကွယ်ဆေးထိုးရာ ကျန်းမာရေးဌာနမှပြည်သူများအား ဆေးထိုးပေးနှံမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)