ဟားခါး ဇန်နဝါရီ ၂၇
ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီဋ္ဌ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်က ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စီးပွားရေးရာဝန်ကြီးရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် ၂၀၂၃ ခုနှစ်အတွက် ပထမအကြိမ် ဖြစ်ပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက်ပြုလုပ်ရသည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခြင်း၊ အသေးစား၊ အလတ်စား၊ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းများစသည့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်နှင့်ကုန်ပစ္စည်းများအပေါ်တွင် တာဝန်ယူ၊ တာဝန်ခံမှုရှိလာမှာဖြစ်ကြောင်း၊ စားသုံးသူပြည်သူများ ပိုမိုစိတ်ချရသော ကုန်ပစ္စည်းများအသုံးပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးလှမိုးနိုင်က စားသုံးသူရေးရာကော်မတီအနေဖြင့်ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းစားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင် အသိပညာပေးဟောပြောပွဲများ၊ မြို့ပေါ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင် Talk Show များ ပြုလုပ်ဆောင်ရွက်နိုင်မှုအခြေ အနေကို ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာသူများက အကြုံပြုဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)