သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ဆောင်ဘုံ)၌ လူငယ်စကားဝိုင်း ကျင်းပ


သာပေါင်း ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ဆောင်ဘုံ)၊ ပညာဟေဝန်ဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက ကျောင်းသား/သူများ စာပေဖတ်ရှုလေ့လာ မှတ်သားတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန်၊လူအများအကြား ဆွေးနွေးပြောဆိုတတ်သည့် အလေ့အထများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတပြည့်ဝသည့် ကျောင်းသားလူငယ်များ ဖြစ်လာစေရန်၊
အစုအဖွဲ့ဖြင့်ပြောဆိုတတ်သည့် အလေ့အကျင့်များဖြစ်လာစေရန်၊ လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်အကြောင်းအရာတို့ကို ရှင်းလင်းပြောကြားပြီး Grade-10/11မှ ကျောင်းသား၊ သူများကတစ်ဦးချင်းဆွေးနွေးကြရာ () မအိမွန်ကျော်မှ လူငယ်နှင့်ကျန်းမာရေး၊ () မဇွန်ပန်းမောင်မှ အချိန်ရှိခိုက်လုံလစိုက်၊ () မသုန္ဒြေဦးမှလူငယ်နှင့် ကိုယ်ကျင့်တရား၊ () မောင်ဆက်လွင်ထူးမှ စာအုပ်စာပေလူ့မိတ်ဆွေ၊ ()မောင်အောင်ဘိုဘိုပြည့်မှ လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးကြရာတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များအား ပြန်လည်မေးမြန်းကြကာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ဆောင်ဘုံ)ကျောင်းအုပ်ဆရာကြီး ဒေါ်သူဇာမြင့်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)