တွန်းဇံမြို့၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

တွန်းဇံ ဇန်နဝါရီ ၂၈

ချင်းပြည်နယ် တွန်းဇံမြို့တွင် အခြေခံပညာအထက်တန်း‌ကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ခေါဝုန်‌လေးဆန်ရပ်ကွက်၊ အထကကျောင်းခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်က လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ 

ထို့နောက် Grade-11 မှ ကျောင်းသားကျောင်းသူများက "လူငယ်နှင့်ပညာ‌ရေး" "လူငယ်နှင့်ကျန်းမာရေး" "လူငယ်နှင့်ယဉ်ကျေးမှု" "လူငယ်နှင့်စာရိတ္တ"  "လူငယ်နှင့်အားကစား" စသည့်ခေါင်းစဉ်များအား အဖွဲ့ငါးဖွဲ့ဖြင့် ခေါင်းစဉ်တစ်ခုစီကို အပြန်အလှန် ဆွေးနွေးကြပြီး ဆွေးနွေးသူများအားလုံးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့်ဆု‌ငွေများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြစိုးနှင့်တပ်ဖွဲဝင်များ၊ မြို့နယ်တရားသူကြီး ဦးဇော်ဖြိုးအောင်၊ မြို့နယ်ပညာရေးမှူး ဦးထန်ရှမ်းမုန်၊ မြို့နယ်ပြန်/ ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အထကကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇိုဇွန်းပါလ် (ပြန်/ ဆက်)