ဝေါမြို့သမိုင်းဝင်ကြုံတူ စေတီတော်မြတ်ကြီး၌ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်းဖြင့် ကုသိုလ်ပြု

ဝေါ ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့အရှေ့ဘက်ကမ်း၊ အောင်ချမ်းသာရပ်ကွက်၌ တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်းဖြင့် ကုသိုလ်ပြုလုပ်ကြသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များက ဦးဆောင်ကာ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ စုပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဝေါမြို့သမိုင်းဝင် ကြုံတူ စေတီတော်မြတ်ကြီး၏ပရဝဏ်အတွင်းနှင့် စေတီရင်ပြင်ပေါ်တို့တွင် တံမြတ်စည်းလှဲပေးခြင်း၊ ဂြိုလ်တိုင်ခုံများ ရေဖြင့်သန့်ရှင်းဆေးကြောခြင်း၊ ဆင်းတုတော်များ ရေသပ္ပာယ်ပေးခြင်းများပြုလုပ်ကာ စုပေါင်းကုသိုလ်ပြုလုပ်ကြကြောင်း သတင်းရရှိသည်။

အောင်မြတ်လင်း(ပြန်ဆက်)