အထက(နတ်တလင်း)၌ ကျောင်းကျန်းမာရေး သင်တန်းဖွင့်လှစ်ပို့ချ

နတ်တလင်း ဇန်နဝါရီ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ပညာရေးဌာနနှင့်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသင်တန်းကို ယနေ့နံနက်(၈)နာရီက အခြေခံပညာအထက်တန်းကျောင်း မနောဟဒယခန်းမ၌ ပြုလုပ်ရာဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးအေးသန့်တို့က သင်တန်းဖွင့်ရခြင်းနှင့်ပတ်သက်၍ အမှာစကား အသီးသီးပြောကြား ပေးခဲ့ပြီးနောက် ကျောင်းတွင် အသုံးပြုရန်ကျောင်းကျန်းမာရေးနှင့် သက်ဆိုင်သော အသိပညာပေးပိုစတာများ၊ ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများကို မြို့နယ်ဆရာဝန်ကြီးက ပေးအပ်ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ သင်တန်းပို့ချရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကျောင်းအခြေပြု ရှေးဦးသူနာစောင့်ရှောက်မှုအကြောင်း၊ မြို့နယ်စာသုံးသူရေးရာဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအကြောင်း၊ သွားဆရာဝန်မှ သွားနှင့်ခံတွင်း ကျန်းမာရေးအကြောင်း၊ မြို့နယ်ကျန်းမာရေးဌာနမှ သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းအား မိတ်ဆက်ရှင်းလင်းခြင်း၊ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ၊ လုပ်ငန်းစဉ်များအကြောင်းနှင့် ကျန်းမာရေးနှင့် သက်ဆိုင်သော ပညာပေးသင်ခန်းစာများအား Power Point ဖြင့် အကျယ်တဝင့် ပို့ချခဲ့ကြောင်း သိရသည်။

ထားထားဦး(ပြန်/ဆက်)