ကော့ကရိတ်မြို့နယ် တောင်ပေါ်ကျောင်းတိုက်ကျောင်း၌ သံဃာတော်များနှင့်ဝတ်အသင်းများက အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းပါဠိတော်များ ရွတ်ဖတ်ပူဇော်

ကော့ကရိတ် ဇန်နဝါရီ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်များကင်းစင်ရေး၊ ပြည်သူများအေးချမ်းစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့ကရိတ်မြို့တောင်ပေါ်ကျောင်းတိုက်‌၌ ယနေ့နံနက် ၈နာရီအချိန်က အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းပါဠိတော်များ အပါအဝင် ဗုဒ္ဓဒေသနာတော်များကို ဆရာတော် သံဃာတော်များနှင့်ဝတ်ရွတ်အသင်းများက ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ဒေသနာတော်များ ရွတ်ဖတ်ပူဇော်ရာတွင်  တောင်ပေါ်ကျောင်းတိုက်ဆရာတော် ဦးဆောင်သည့် သံဃာတော်များ ခရိုင်/မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဝတ်ရွတ်အသင်းတို့မှ အတွင်းအောင်ခြင်းရှစ်ပါးပါဠိတော်  အပြင်အောင်ခြင်းရှစ်ပါးပါဠိတော်နှင့် ဓဇဂ္ဂသုတ်တို့အားရွတ်ဖတ်ပူဇော်ပြီး မေတ္တာပို့အမျှအတန်းပေးဝေခဲ့ကြ သည်။

အဆိုပါဒေသနာတော်များ ရွတ်ဖတ်ပူဇော်ရာသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြပြီး ဆရာတော်နှင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ခင်မျိုးဝင်း