တွန်းဇံ ဇန်နဝါရီ ၂၇
ချင်းပြည်နယ် တွန်းဇံမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ခေါဝုန်လေးဆန်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်က အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကလေးလုပ်သမား အဓိပ္ပါယ်သတ်မှတ်ချက်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူးမြစိုးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မများနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ဦးဇော်ဖြိုးအောင်က ကလေးသူငယ်များ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များကိုလည်းကောင်း အသီးသီး ဟောပြောကြသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မြစိုးနှင့် တပ်ဖွဲဝင်များ၊ မြို့နယ်တရားသူကြီး ဦးဇော်ဖြိုးအောင်၊ မြို့နယ်ပညာရေးမှူး ဦးထန်ရှမ်းမုန်၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အ.ထ.က ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇိုဇွန်းပါလ်