ရွှေဘိုတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

​ရွှေဘို ဇန်နဝါရီ ၂၇

​ရွှေဘိုတက္ကသိုလ်၌  ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ည​နေ(၃)နာရီ အချိန်က ကျင်းပခဲ့​ကြောင်းသိရသည်။

အခမ်းအနားတွင်​ပါမောက္ခချုပ်ဆရာမကြီး​ ဒေါက်တာမျိုးမျိုးက ကျောင်းသား မောင်မယ် လူငယ်များအနေဖြင့် ကျောင်းနေ​ပျော်၍ စာ​တော်​သော လူငယ်​လေးများဖြစ်အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံ​ရေး​ကောင်းမွန်ပြီး ပူး​ပေါင်းပါဝင်သည့် အ​လေ့အထကောင်းရရှိ​စေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ် ပိုင်းဆိုင်ရာများလည်း ခိုင်မာလာနိုင်မှာဖြစ်ကြောင်း၊ အချင်းချင်း စည်းလုံးညီညွတ်မှုများရရှိကာ ချစ်ခင်ရင်းနှီးလာမှာဖြစ်ကြောင်း၊ အားကစားလှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးမှာ ဖြစ်ကြောင်း၊ ဉာဏ်ပညာ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်အားကစားသမားများ​ ပေါ်ထွက်​စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပ​ပေးသွားမည်ဖြစ်ကြောင်း ​ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင်ဘာရပ်အလိုက် အသင်း(၁၅)သင်းသည် (၂၆.၁.၂၀၂၃ မှ ၂.၂.၂၀၂၃) ရက်​နေ့အထိ ကစားသွားမည်ဖြစ်ပြီး ဖွင့်ပွဲ​နေ့တွင် သင်္ချာနှင့် သမိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပါမောက္ခချုပ်နှင့် ဒုပါ​မောက္ခချုပ်၊ ဌာနမှူး(ပါမောက္ခ)များ၊ သင်ကြားရေး ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊  တက်ရောက် အား​ပေးခဲ့ကြကြောင်း သိရသည်။

​အေးမြင့်စန်း

ခရိုင်(ပြန်/ဆက်)