လပွတ္တာမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများအား ရေသပ္ပာယ်ခြင်း၊ ရောင်တော်ဖွင့်ခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်

 

လပွတ္တာ ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းရှိ သမိုင်းဝင်စေတီပုထိုးများနှင့် ရပ်ကွက်၊ ကျေးရွာများတွင် တည်ထားကိုးကွယ်လျက်ရှိသော စေတီပုထိုးများအား ရေသပ္ပာယ်ခြင်း၊ ရောင်တော်ဖွင့်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လပွတ္တာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ လပွတ္တာမြို့အမှတ် (၄)ရပ်ကွက်ရှိ
နေမင်းတင် လမင်းတင် ဘုရား၊ အမှတ် (၁၀)ရပ်ကွက်ရှိ သိကြားဘုရား ရင်ပြင်တော်များအား တံမြက်လှည်း ကုသိုလ်ယူခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

အလားတူပင်လပွတ္တာ မြို့နယ်အတွင်း ကျေးရွာ၊ ရပ်ကွက်အသီးသီးရှိ စေတီပုထိုးများအား ဒေသခံပြည်သူများက ရေသပ္ပယ်ခြင်း၊ ထုံးသင်္ကန်းကပ်လှူခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများကို ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။

လပွတ္တာခရိုင် (ပြန်/ဆက်)