တီးတိန်မြို့၌ ဝေ‌ဠုဝန်စေတီတော်‌ရင်ပြင်နှင့် စေတီတော်ပတ်လမ်းတစ်‌လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တီးတိန် ဇန်နဝါရီ ၂၇

ချင်းပြည်နယ်တီးတိန်မြို့၌ ထေရဝါဒ ဗုဒ္ဓသာသနာပြုဗဟိုကျောင်း၊ ဝေဠုဝန်စေတီတော် ရင်ပြင်နှင့် စေတီတော်ပတ်လမ်းတစ်လျှောက်ကို ယမန်နေ့ ညနေ၃နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် တီးတိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက စေ‌တီတော်ပတ်ဝန်းကျင် ချုံနွယ်‌ပေါင်းမြက် ရှင်းလင်းခြင်း၊ စေတီတော်ရင်ပြင်အတွင်း တံမြက်စည်းလှည်းခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)