အ.ထ.က(လိပ်သို)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

လိပ်သို  ဇန်နဝါရီ  ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်သို့မလာနိုင်သည့် စာပေချစ်သူ၊ စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊  စဉ်းစားတွေးခေါ်မှုဉာဏ်ရည်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထများရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်  ၁၀ နာရီအချိန်က ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက သုတ/ရသ စာအုပ်ပေါင်း (၁၂၀) အုပ်ကို သယ်ဆောင်ကာ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမများထံသို့ ရွေ့လျားစာကြည့် တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ရင်း စာအုပ်/စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)