(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့်ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူး ဇန်နဝါရီ ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်ခိုင်နှင့် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန     ခရိုင်မှူးဒေါ်ယဉ်ယဉ်နုတို့က အမှာစကားပြောကြားခဲ့သည်။

ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိသော ဓာတုဗေဒ(ဒုတိယနှစ်‌)‌ ကျောင်းသူမမြင့်သိင်္ဂီ၊ ဒုတိယဆုရရှိသော သတ္တဗေဒ(ပထမနှစ်) ကျောင်းသားမောင်သူရိန်ဝင်း၊ တတိယဆုရရှိသော မြန်မာစာ(စတုတ္ထနှစ်) ကျောင်းသူမမေဇင်ထွေး၊ အထူးဆုရရှိသောမြန်မာစာ (စတုတ္ထနှစ်)ကျောင်းသူ မချောစုလှိုင်တို့အား ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်ကလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် ပထမဆုရရှိသော ဓာတုဗေဒ(ပထမနှစ်) ကျောင်းသူမယမင်းဖြူ၊ ဒုတိယဆုရရှိသော သတ္တဗေဒ(ပထမနှစ်) ကျောင်းသားမောင်မင်းသုခ၊ တတိယဆုရရှိသော သတ္တဗေဒ(ပထမနှစ်) ကျောင်းသူမဆုသူဇာကိုကို၊ အထူးဆုရရှိသော ဓာတုဗေဒ(ပထမနှစ်) ကျောင်းသားမောင်ဖြိုးခန့်ပိုင်တို့အား စာရေးဆရာဦးထိန်လင်း (လင်းအရုဏ်ဦး-ပဲခူး)ကလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ဓာတုဗေဒ(စတုတ္ထနှစ်) ကျောင်းသူမယမင်းဥမ္မာ၊ ဒုတိယဆုရရှိသော ပထမနှစ်(ဂုဏ်ထူးတန်း) ကျောင်းသူမပန်းမို့မို့ခင်၊ တတိယဆုရရှိသော မြန်မာစာ(ပထမနှစ်) ကျောင်းသူမဖြူမြစံ၊ အထူးဆုရရှိသော ဒုတိယနှစ်(ဂုဏ်ထူးတန်း) ကျောင်းသူမယုမွန်အေးတို့အား ပဲခူးတိုင်း‌ဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူးဦးစိုးပိုင်ကလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ပထမဆုရရှိသော အင်္ဂလိပ်စာ(စတုတ္ထနှစ်) ကျောင်းသူမအိဖြိုးစံ၊ ဒုတိယဆုရရှိသော မြန်မာစာ(တတိယနှစ်) ကျောင်းသူမမိုးရည်ဦးတို့အား ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ယဉ်ယဉ်နုကလည်းကောင်းကဗျာပြိုင်ပွဲတွင် တတိယဆုရရှိသော ဓာတုဗေဒ(ပထမနှစ်) ကျောင်းသူမဖြိုးပပကျော်၊ အထူးဆုရရှိသော ဓာတုဗေဒ(ပထမနှစ်) ကျောင်းသူမရတနာကျော်တို့အား ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သန္တာဝင်းကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲအား ပဲခူးတက္ကသိုလ်မှ ကျောင်းသား/ ကျောင်းသူ(၄၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)