ဘုရားစေတီများတွင် ရေသပ္ပာယ်ခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းများဖြင့် စုပေါင်းကုသိုလ်ယူဆောင်ရွက်

ပုသိမ် ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ သမိုင်းဝင်စေတီပုထိုးများနှင့် ရပ်ကွက်ကျေးရွာများတွင် တည်ထားကိုးကွယ်လျက်ရှိသော စေတီပုထိုးများအား ရေသပ္ပာယ်ခြင်း၊ ရောင်တော်ဖွင့်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပုသိမ်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအထောက်အကူပြု အဖွဲ့များက ပုသိမ်မြို့ရှိ တဂေါင်းမင်္ဂလာမဟာစေတီတော်မြတ်၊ လေးကျွန်းရန်အောင်ဖောင်တော်ဦး စေတီတော်နှင့် ပုသိမ်မြို့ပေါ်ရှိ ဘုရားစေတီများအား ရေသပ္ပာယ်ခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ စေတီတော်ရင်ပြင်များအား တံမြက်လှည်း ကုသိုလ်ယူခြင်း၊ ဘုရားပရဝုဏ်အတွင်းရှိ ချုံနွယ်များနှင့် ပေါင်းမြက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူပင် မြို့နယ်အတွင်း ကျေးရွာ၊ ရပ်ကွက်အသီးသီးရှိ စေတီပုထိုးများအား ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ၊ အထောက်အကူပြုအဖွဲ့များ၊ ဒေသခံပြည်သူများက ရေသပ္ပါယ်ခြင်း၊ ထုံးသင်္ကန်း ကပ်လှူခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။     

မြင့်ဟန် (ပြန်/ဆက်)