သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးအသိပညာ​ပေး (Talk Show) ကျင်းပ

ချောက် ဇန်နဝါရီ ၂၆

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ် ​ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးအသိပညာ​ပေး (Talk Show)ကို ယနေ့ ​နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်​ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဒုတိယဦးစီးမှူး​ဒေါ်ခင်ချိုချိုဝင်းက သဘာဝပတ်ဝန်းကျင်သည် လူ​များအတွက် အပင်၊ အသီး၊ အရွက်၊ သား၊ ငါး အလုံအ​လောက်​ပေးထားသည့်အတွက် သဘာဝပတ်ဝန်းကျင် ပိုမို​ကောင်းမွန်​အောင် လူတိုင်း၊ လူတိုင်းက လက်ဆင့်ကမ်း​ဆောင်ရွက်သွားရမှာဖြစ်​ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို လူ​များကသာ အဓိက ထိန်းသိမ်း​စောင့်​ရှောက်ရမှာဖြစ်​ပြီး၊ သဘာဝပတ်ဝန်းကျင်အား လူသားအားလုံး ထိန်းသိမ်းသင့်​ကြောင်း​ ဆွေးနွေးခဲ့သည်။

ထို့နောက် စာ​ကြည့်တိုက်လက်ထောက် (၃) ဦးနိုင်ထက်မိုးက သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ လူဦး​ရေတိုးတက်လာသည်နှင့်အမျှ​ ကမ္ဘာ​မြေကြီးတွင် မြေ​၊ နေရာ​နှင့် စိုက်ပျိုး​မြေလိုအပ်ချက်အရ လူ​များက သစ်​ပင်၊ သစ်​တော​များ ခုတ်ထွင်ရှင်းလင်းသ​​ဖြင့် သဘာဝ​ဂေဟစနစ်ပျက်စီး​ကြောင်း၊ အပင်​များသည် မိတ်​ကောင်း​ဆွေ​ကောင်း​များဖြစ်​ကြောင်း၊​ လေထဲမှ ကာဗွန်ဒိုင်​အောက်ဆိုဒ်ကိုစုပ်ယူပြီး လူ​တွေအတွက် လိုအပ်သည့် အောက်စီဂျင်အား ထုတ်​ပေး​ကြောင်း​၊ မိမိတို့ တစ်​ယောက်ချင်းစီမှ မိမိတို့၏ စွမ်းအား​များ​ဖြင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်သ​ရွေ့ ကာကွယ်ကြရမည်ဖြစ်​ကြောင်း အပြန်အလှန်​ဆွေး​နွေး​ပြောကြားခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)