ဖျာပုံမြို့နယ်တွင် အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်များအား ရှင်းလင်း

ဖျာပုံ ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့ အဖိုးတန်သတ္တုရောင်းဝယ်ရေးဆိုင်ရာ (၁/၂၀၂၂) ညွှန်ကြားချက်များ ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်မှ မြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာစာရေးများအား ခေါ်ယူတွေ့ဆုံ၍ အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန် သတ္တုရောင်းဝယ်သူများ ကြီးကြပ်ရေးအာဏာပိုင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၂) သတင်းပို့အဖွဲ့အစည်းဖြစ်သည့် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ အားရှင်းလင်းပြောကြားပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရန်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ပူးပေါင်းဆောင်ရွက်ရန်၊ နေကြာစိုက်ပျိုးမှု လျာထားချက် ပြည့်မီရေးဆောင်ရွက်ရန်တို့ကို မှာကြားဆွေးနွေးပြီး ကဏ္ဍအလိုက်ပြန်လည် ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဖျာပုံခရိုင်(ပြန်/ဆက်)