သရက်ချောင်းမြို့နယ်၊ ကနက်သီရီကျေးရွာတွင်လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအသိပညာပေး ဟောပြောပွဲကျင်းပ

သရက်ချောင်း ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရီကျေးရွာ၊ ဘုရားဝန်းဓမ္မာရုံတွင် ယမန်နေ့က လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ​မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဝင်းဇော်က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရန်ရှောင်ရန်များကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ဒေသခံ ပြည်သူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာအုပ်စုရှိ  အိမ်​ထောင်စု(၁၈၀၀)ခန့် ကို (33/11) kV, 10MVA ဝင်းဝဓာတ်အားခွဲစက်ရုံမှ ၂၄နာရီ လျှပ်စစ်မီး ဖြန့်ဖြူးပေးလျက်ရှိပြီး ကနက်သီရိကျေးရွာနှင့် အနီးအနားရှိကျေးရွာအုပ်စုများဖြစ်သော ကျွဲမင်းကုန်း၊ အင်းဘူး​ကျေးရွာအုပ်စုရှိဒေသခံ ပြည်သူများအတွက် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှသိရသည်။

နန်းခလိုက်(သရက်ချောင်း)