လူငယ်များ ကာယ ဉာဏ ဘက်စုံဖွံ့ဖြိုးစေရန် ကျုံပျော်တွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ကျုံပျော် ဇန်နဝါရီ ၂၅

လူငယ်များ ကာယ ဉာဏနှစ်ဖြာ ဘက်စုံဖွံ့ဖြိုးစေရန်၊ လူအများနှင့် ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူငယ်ရေးရာ ကော်မတီက ဦးဆောင်ကာ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့နယ်၊ သောင်ကြီး‌ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ဇန်နဝါရီ ၂၅ ရက် ‌နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သောင်ကြီး အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဦးက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးဝင်းနိုင်၊  စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးတင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့် ကျောင်းသား၊ ကျောင်းသူ(၄)ဦးတို့က “လူငယ်နှင့် ပညာရေး”၊ “လူငယ်နှင့် အားကစား”၊ “လူငယ်နှင့် အသိညာ ဖွံ့ဖြိုးရေး”၊ “လူငယ်နှင့်အဟာရ” စသည့် အကြောင်းအရာများအား ဝိုင်းဖွဲ့ဆွေးနွေးကြပြီး၊ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များအား ပါဝင်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြောစွမ်းရည် ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင်ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)