ပြည် ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၌ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးအောင်ကိုသန့်နှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီအချိန်က အောင်မြေသာအခြေခံပညာမူလတန်းလွန်ကျောင်းသို့ နယ်လှည့်ကွင်းဆင်းဟောပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ခရိုင်ပြန်ဆက်ဦးစီးအရာရှိဦးအောင်ကိုသန့်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများအား ကျောင်းသား၊ ကျောင်းသူကလေးများအား ဟောပြောပြီး ကျောင်းအုပ်ဆရာကြီးဦးဝင်းနိုင်က မူးယစ်ဆေးဝါးအစဆေးလိပ်ကဟူသောဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများမသုံးမိစေရန်ဟောပြောပြီး ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူကလေးများအား သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင်ပတ်သက်သည့် နံရံကပ်စာစောင်များပြသပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူကလေးများအား ဗဟုသုတဖြစ်ဖွယ်စာအုပ်များ ဖတ်စေခဲ့ကြောင်း သိရသည်။
ကိုစိုး(ပြည်)