ဘိုကလေး ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အထင်ကရကျက်သရေဆောင် စေတီမြတ်ကြီးဖြစ်သည့် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီး၏ အဝင်မုခ် ဆယ်ပြားတန်ဆောင်းတော်ကြီးအတွင်း၌ သာသနာ့အနွယ်ဝင် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ ဗုဒ္ဓဝင်ရုပ်စုံကားချပ်များ လှူဒါန်းချိတ်ဆွဲထားရှိသည်။
၎င်းလှူဒါန်းမှု ဖြစ်ပေါ်လာရေးအတွက် မကြာသေးခင်အချိန်က သာသနာ့အနွယ်ဝင် ဒါယကာတစ်ဦး၏နှိုးဆော်မှုဖြင့် ဒါယကာ၊ ဒါယိကာမ(၃၅)ဦး စုပေါင်းကာ (၂၈)သိန်းခန့် တန်ဖိုးရှိ ဗုဒ္ဓဝင်ရုပ်စုံပန်းချီကားချပ်များအား အများပြည်သူဖူးမြော်ကြည်ညိုနိုင်ရေးနှင့် စေတီတော် မြတ်ကြီး၏ ကျက်သရေတော်ပိုမို ထွန်းလင်းတောက်ပနိုင်ရေးအတွက် စုပေါင်း လှူဒါန်းပေးခြင်းပြီး လှူဒါန်းမှုများကိုလည်း ဆရာတော်၊ သံဃာတော်များထံမှ အနုမောဓနာ ရေစက်ချတရားတော်နာယူခဲ့ပြီး စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့များကလည်း လှူဒါန်းမှုပြုသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)