ကျောက်တံခါးမြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း အသိပညာပေး Talk Show ပြုလုပ်

ကျောက်တံခါး ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက်(၁၀) နာရီအချိန်၌  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်တွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းတင့်က မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ သွင်ပြင်လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုကိစ္စရပ်များကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းလတ်က မူးယစ်ဆေးဝါးအုပ်စု (၅) မျိုး၊ မူးယစ်ဆေးသုံးစွဲမိသော အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ ခံစားရမည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Talk Show  ဆွေးနွေးပွဲအစီအစဉ်ကို ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Facebook page နှင့် ပြည်သူ့စာကြည့်တိုက် Facebook page တို့တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)