ဟင်္သာတခရိုင်စိုက်တိုးမြင့်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဆီထွက်သီးနံနေကြာ စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဟင်္သာတ ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ခရိုင်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းက ဆီထွက်သီးနှံနေကြာစိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ သဖန်းချုံကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံခဲ့ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ဆီထွက်သီးနှံနေကြာစိုက်ပျိုးနိုင်ရေး တွန်းအားပေးကြပ်မတ် ဆောင်ရွက်ခဲ့ပြီးနောက် ကရင်အင်းကျေးရွာအုပ်စုရှိ ဆီထွက်သီးနှံနေကြာ ဆင်းရွှေကြာ(၂) စိုက်ခင်းများသို့ သွားရောက်၍ နေကြာစိုက်ပျိုး ဖြစ်ထွန်းမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် မြို့ကွင်းကျေးရွာအုပ်စုရှိ တောင်သူဦးကြည်ရွှေ၏ နေကြာဧက(၂၀) စိုက်ခင်းအား သွားရောက်ကြည့်ရှုကာ ဆီထွက်သီးနှံနေကြာပင်များ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် ဘောင်လုံး/ရေသွင်း စနစ်များ၊ အစာကျွေးစနစ်များ စနစ်တကျဆောင်ရွက်စေရေး လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဇော် (ဟင်္သာတ)