ဘုရားကြီးကုန်းကျေးရွာတွင် ဆိုလာရေတင်စနစ် (၃)ခုတပ်ဆင်ပြီးစီးသွားခြင်းကြောင့် (ဆီထွက်သီးနှံ) နေကြာစိုက်တောင်သူများ အဆင်ပြေ

အိမ်မဲ ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ဘုရားကြီးကုန်းကျေးရွာတွင် (ဆီထွက်သီးနှံ) နေကြာစိုက်တောင်သူများ အဆင်ပြေစေရေးအတွက် ဆိုလာရေတင်စနစ်()ခု တပ်ဆင်ပြီးစီးသွားခြင်းကြောင့် စိုက်ပျိုးရေ အတွက်ပူပန်စရာမလိုပဲ အဆင်ပြေလျက်ရှိသည်။

ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) Type-3 ကျပ်သိန်း(၁၀၀)နဲ့ ဆိုလာရေတင်စနစ်()ခုကို ဘုရားကြီးကုန်းကျေးရွာအုပ်စုမှာ  ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ စတင်ဆောင်ရွက်ပြီး နိုဝင်ဘာလမှာ ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ Sandisolar ကုမ္ပဏီတို့ ပူးပေါင်းပြီးဆောင်ရွက်တာ ဖြစ်ပါတယ်။ ဆိုလာရေတင်စနစ် ဆောင်ရွက်ပေးခြင်းကြောင့် (ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးမည့် တောင်သူတွေအတွက် ရေကိုလုံလောက်စွာ ရရှိနိုင်မှာဖြစ်ပါတယ်လို့မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစတင်မျိုးလွင် ပြောကြားချက် အရသိရသည်။

အဆိုပါဆိုလာရေတင်စနစ်ပြီးစီးသွားခြင်းကြောင့် ဘုရားကြီးကုန်းကျေးရွာအုပ်စုရှိ ကျေးလက်နေ ပြည်သူတို့၏ စိုက်ပျိုးမြေဧကများကို အကျိုးပြုဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။

ချစ်သက်လယ်(အိမ်မဲ)