ဝါးခယ်မ ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ရီရီလွင်က အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်းကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။ ကျောင်းသားကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့်ဗလငါးတန်ဘက်စုံဖွံ့ဖြိုးရေးအနာဂတ်တွင် တိုင်းပြည်အတွက် လူကောင်းလူတော်များရရှိစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကိုကျင်းပရခြင်းဖြစ်သည်။ လူငယ်စကားဝိုင်းကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း Grade -10 ကျောင်းသားမောင်ညီညီလင်းထက်က လူငယ်နှင့်အားကစား၊ Grade-11 ကျောင်းသားမောင်ကျော်ဇင်ပိုင်က လူငယ်နှင့်မူးယစ်ဆေး၊ Grade-11ကျောင်းသူမစိမ်းမို့မို့လှိုင်က လူငယ်နှင့်ပညာရေး၊ Grade-10 ကျောင်းသူ မမေဂျူလှိုင်က လူငယ်နှင့်ကျန်းမာရေးစသည့်ခေါင်းစဥ် များဖြင့်အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်းနှင့်လူငယ်စကားဝိုင်းကိုစားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး၊ အားကစားမှူး၊ လူမှု့ဝန်ထမ်းဦးစီးအရာရှိနှင့်ဆရာ၊ ဆရာမများကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းနှင့် လူငယ်စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)