ရွှေဘို ဇန်နဝါရီ ၂၄
ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီး ဘောလီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကိုယမန်နေ့ ညနေ ၃ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းသား မောင်မယ် လူငယ်များအနေဖြင့် ကျောင်းနေပျော်၍ စာတော်သော လူငယ်လေးများဖြစ်အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ပူးပေါင်းပါဝင်သည့် အလေ့အထကောင်း ရရှိစေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာစေရန်၊ ဉာဏ်ပညာထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွက်စေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဘူမိဗေဒနှင့် သမိုင်း၊ ဒုတိယဆုရရှိသည့် သမိုင်းနှင့် ဓါတု၊ တတိရဆုရရှိသည့် ရုက္ခဗေဒနှင့် သင်္ချာဘာသာရပ် အမျိုးသား၊ အမျိုးသမီးအသင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးရဲထွဋ်ဝင်း၊ ခရိုင်လဝကမှူးဦးအောင်မြင့်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မဥ္ဇူဝင်း၊ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်တင်ရီ၊ ဌာနမှူး(ပါမောက္ခ)များ၊ သင်ကြားရေး ဆရာ/ ဆရာမများက ဂုဏ်ပြုဆုငွေ၊ ဆုဆွဲပြား၊ ဆုဖလားတို့ကိုချီး မြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)