ဖြူး ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာအုပ်စာပေ ပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာဖတ်ရှိန်မြှင့်စေရေးအတွက် ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက သုတရသစာအုပ်စာစောင်များ၊ ကလေးစာပေများကို လိုက်လံငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ငှားရမ်းပေးရာတွင် ဌာနဆိုင်ရာများဖြစ်သည့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မ ရဲစခန်း၊ မီးသတ်ဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းနှင့် မြို့နယ်ဥပဒေရုံးတို့တွင် ဝန်ထမ်းမိသားစု ဝင်များအား သုတရသစာအုပ်များ၊ ကလေးစာပေများ၊ စာစောင်များအပါအဝင် စုစုပေါင်း စာအုပ် (၂၅၀)ကျော် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)