ဘုတ်ပြင်း ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူးရုံး ၊ ပညာရေးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခြင်း၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သန်းကမူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ် ဆေး ဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာဆိုးကျိုးများနှင့် ဖြစ်ပေါ်နိုင်သည့် နောက် ဆက်တွဲပြဿနာများ၊ သတိပြုနေထိုင်ရမည့်ဆောင်ရန် ရှောင်ရန်များ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည်များကို အသိပညာပေးပြောကြားခဲ့သည်။
ယင်းနောက် မူးယစ်ဆေးဝါးအန္တရာယ်တိုက်ဖျက်ရေး ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နံရံကပ် စာစောင်များ၊စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။ ဆက်လက်၍ မူးယစ်းဆေးဝါး အန္တရာယ်နှင့်ပတ်သက်သည့် ဉာဏပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)