ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲ ဆောင်ရွက်

ကလိန်အောင် ဇန်နဝါရီ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဒု-ဦးစီးမှူး (တာဝန်ပေး)ဒေါ်ခင်ခင်လဲ့က အနာဂတ်အမျိုးသစ်ကျောင်းသား‌၊ ကျောင်းသူများအနေဖြင့်အသိပညာ ဗဟုသုတများရရှိစေရန် စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းမှ အသိအမြင်ဗဟုသုတများ တိုးပွား လာစေရန်၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် လူမှု ပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်၊ စာပေဖတ်ရှု လေ့လာခြင်းအားဖြင့် မိမိကိုယ်ကိုယ် ကို ယုံကြည်မှုရှိလာပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့်  ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောပြခဲ့သည်။

ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက "သက္ကမာစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရေးသားပြုစုသည်" လိမ္မာသော ဌက်ကလေး"ဆိုတဲ့ ရုပ်ပုံပြပုံပြင်‌လေးကို ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူကျောင်းသား၊ကျောင်းသူများကို အမှတ် တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။                            

ခင်ခင်လဲ့(ကလိန်အောင်)