နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ဖရုံစိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ

နတ်မောက် ဇန်နဝါရီ   ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ န-လက္ခုပ္ပင်ကျေးရွာရှိ တောင်သူများသည် မြေအောက်ရေသွင်းပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြရာ ဖရုံစိုက်ပျိုးခြင်းဖြင့် မိသားစု ပုံမှန်ဝင်ငွေရရှိကြောင်း သိရသည်။

ဖရုံစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန်နှင့် နွေနှင့်ဆောင်းရာသီစိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ်ရရှိစေရန်ရေလုံလောက်စွာသွင်းပေးရပြီး စိုက်ပျိုးပြီး (၄၅) ရက်အကြာတွင် အညွှန့်များ ခူးယူရောင်းချရပြီး၊ (၂)လခန့်ရှိပါက အသီးများ ခူးဆွတ်ရောင်းချရကြောင်း သိရသည်။

ဖရုံပင်များစိုက်ပျိုးရာတွင် အတန်းလိုက်အစေ့ချစိုက်ပျိုးခြင်း၊ ကျင်းဖွဲ့စိုက်ပျိုးခြင်း စသည့် နည်းအမျိုးမျိုးရှိသော်လည်း  ကျင်းဖွဲ့ကာအစေ့ချ၍ စနစ်တကျစိုက်ပျိုးပြီး ရေသွင်းခြင်း၊ ဆေးဖြန်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်လျှင် အပင်များပိုမို ကြီးထွားသန်မာ စေပါတယ်၊ ဖရုံမျိုး စေ့တစ်ထုတ်လျှင်  (၇၅၀၀)ကျပ်ပေးဝယ်ရပြီး၊ ဖရုံမျိုးများဖြစ်သည့် ရွှေဖရုံ၊ ပစ်တိုင်းထောင်၊ ထိုင်ဝိုင် စသည့်မျိုးများစိုက်ပျိုးထားကြောင်း၊ ခုဆိုရင်ရင်ဖရုံသီးများ စတင်ထွက်ရှိနေပြီဖြစ်တဲ့အတွက် ဖရုံသီးတစ်လုံးကို အကြီးအသေးပေါ်မူတည်၍ (၅၀၀)မှ (၁၀၀၀) အထိ ရောင်းရကြောင်း န-လက္ခပ္ပင် ကျေးရွာ မှဖရုံစိုက်ပျိုးရောင်းချသူ  မသီတာဆွေကပြောသည်။

မူမူစန်း