ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပေါင်းတည်မြို့မှ ပြည်ခရိုင်အတွင်းသို့ ဖြတ်သန်းသွားလာမည့် ယာဉ်နှင့်ခရီးသည်များအား ကျန်းမာရေး စစ်ဆေးဆောင်ရွက်

ပေါင်းတည်  စက်တင်ဘာ  ၂၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့် သာယာဝတီခရိုင် ဆက်စပ်သည့်နေရာဖြစ်သည့် ပေါင်းတည်မြို့နယ်အဝင် ဘိုးသာအောင်ကုန်းနယ်စပ်တံတားမှ ပြည်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးသို့ ဖြတ်သန်းသွားလာမည့် အနှေးယာဉ်အမြန်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အားလုံးကို ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်းများ ရယူခြင်းအပြင် ကျန်းမာရေးဌာနနှင့် ရပ်ကွက်ထောက်ခံချက်ပါရှိမှသာ ဖြတ်သန်းသွားခွင့်ပြုမည်ဟု သိရှိရသည်။

ပြည်ခရိုင်အတွင်းသို့ ဝင်ရောက်မည့် မော်တော်ယာဉ်၊ အနှေးယာဉ်ဆိုင်ကယ်နှင့် ခရီးသည်များ အားလုံးကို အပူချိန်တိုင်းတာခြင်း သွားရောက်မည့် နေရာမေးမြန်းခြင်းနှင့် ရောဂါဖြစ်ပွားရာဒေသမှ လာရောက်သူ ထောက်ခံချက်မပါရှိသူများအား ရောဂါထိန်းချုပ်အနေဖြင့် ပြည်ခရိုင်အတွင်းသို့ အဝင်မခံတော့ကြောင်း မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးချိုဝင်းထံက သိရှိရသည်။

တချို့အရေးပေါ်ကိစ္စဖြင့် လာရောက်ခဲ့သူများကိုတော့ နောက်ရက်တွေဆိုရင်တော့ ထောက်ခံချက် ပါရှိမှသာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါစစ်ဆေးရေးအဖွဲ့မှ နယ်စပ်တံတားတွင် နံနက် ၈နာရီမှ ညနေ ၅နာရီထိ စစ်ဆေးမည်ဖြစ်ပြီး ညပိုင်းတွင် ရန်ကုန်-ပြည်ကားလမ်းဘေး မြို့နယ်အားကစားခန်းမ FQC ရှေ့မှာ စစ်ဆေးသွားမည် သိရှိရသည်။ ကုန်စည်စီးဆင်းမှု မှန်ကန်ရေးနှင့် ပြတ်လတ်မှုမရှိစေအတွက် မြို့နယ်တာဝန်ရှိသူများက သီးခြားအစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တင်ဝင်းဇော် (မင်းသားကြီး)ပေါင်းတည်