ကန့်ဘလူ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်နှင့် ကန့်ဘလူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံသစ်ကို ယခုနှစ် ဖေဖော်ဝါရီလက စတင်ဆောက်လုပ်ခဲ့ရာတွင် စက်တင်ဘာ ၂၅ ရက်၌ ဆောက်လုပ်မှု ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အဆိုပါ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ် ၁၅၈ ဒသမ ၇ သန်းဖြင့် အလျား ပေ ၆၀ ၊အနံ ပေ ၄၄ အာရ်စီနှစ်ထပ်ဖြစ်ပြီး ယင်းတည်ဆောက်ရေးလုပ်ငန်းကို ကေသရာထက် ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမင်းက ပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)