ညောင်တုန်းမြို့၌ မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်(၂)ခုတို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ညောင်တုန်း စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ညောင်တုန်း-ရန်ကုန် ကားလမ်းအပေါ်  လမ်းအထူး(၂၁)ထိပ်နှင့် ကျုံတမာကျေးရွာအုပ်စု၊ တာကွေ့ကျေးရွာတို့တွင် မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်တို့ကို စက်တင်ဘာလ ရက်နေ့မှ စတင်ဖွင့်လှစ်၍ ခရီးသွားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူဝင်/ထွက် စစ်ဆေးခြင်းကို နေ့စဉ်  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့က ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ညောင်တုန်းမြို့နယ်အတွင်းသို့ ကုန်စည် စီးဆင်းမှုအတွက် သွားလာနေသည့် ကုန်တင်ယာဉ်ကြီးများ၊ ခရီးသွားထောက်ခံချက်ဖြင့် သွားလာနေသော သာမာန်အိမ်စီး ယာဉ်ငယ်များ၊ အငှားယာဉ်(Taxi)များ၊ ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်တို့ပေါ်ရှိ ခရီးသွား ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း၊ လူဝင်/ထွက် စစ်ဆေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်()ခုတို့တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် လူဝင်/ထွက် စစ်ဆေးခြင်းတို့အား နေ့စဉ်နံနက် နာရီမှ နာရီအထိ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)