ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများက စာရေးဆရာကိုကိုလင်း (အမေ့အိမ်) ၏ လူကြီးတွေကစပြင်ပါ စာအုပ်ပါ အခန်း၂၀မှ-သင်ယူခြင်း ခေါင်းစဉ်အား စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိက စာဖတ်ဝိုင်းများကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအားရှင်း လင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသော စာပေဝါသနာရှင်များက လောကကြီးမှာ သင်ယူစရာတွေ ပြည့်နှက်နေပြီး သင်ယူတတ်ဖို့လိုကြောင်း၊ သင်ယူရာမှာစာအုပ်‌တွေ၊ လူ၊ ရုပ်မြင်သံကြားစသည့်တို့မှ လေ့လာသင်ယူ၍ရကြောင်း၊ မိမိကဘာကိုယ် ဘယ်လိုသင်ယူရမလဲဆိုတာ အင်မတန်အရေးပါကြောင်း၊ သင်ယူခြင်းမှာ သင်ယူလိုစိတ်ရှိရန် သင်ယူလိုစိတ်မရှိပါ‌က ဘယ်လောက်ဘဲ သင်ပေးသော်လည်း မတတ်မြောက်နိုင်၊ သင်ယူခြင်းမှာ မိမိကိုယ်ကို နှိမ်ချသင်ယူဖို့လိုကြောင်း၊ သင်ယူခြင်းမှဘာကိုသင်ယူရမည်ကိုလည်း ခွဲခြား သင်ယူတတ်ဖို့လိုကြောင်း၊ လူငယ်‌‌​တွေအ‌​နေနဲ့ဘ၀ဆိုတဲ့ တက္ကသိုလ်ကြီးမှာလှပတဲ့သင်ယူမှု နှလုံးသားတွေနဲ့အမြဲသင်ယူ လေ့လာနေပါကပညာပြည့်၀ကြသူများ ဖြစ်နိုင်ကြောင်းတို့ကို အမြင်ချင်းဖလှယ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)