ပလောက် ဇန်နဝါရီ ၂၀
''ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့''ဆိုသည့်ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ အသက်(၅)နှစ်မှ (၁၂) နှစ်အထိ အခြေခံပညာကျောင်းများက ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နေ့နံနက်(၉)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ၊မူလွန်ကျောင်း နှင့် အမကကျောင်းတို့၌ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို ကျန်းမာရေးဆရာမဒေါ်အိအိလွင်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ပလောက်မြို့ အ-ထ-ကကျောင်း၊ မူလွန်ကျောင်း ၊အမကကျောင်းအတွင်း၌ မူလတန်း၊ အလယ်တန်းကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့်ကျောင်းသား၊ကျောင်းသူများကို သတ်မှတ်ပုံစံတွင်စာရင်းရေးသွင်းပြီး မိဘအုပ်ထိန်းသူများ၏သဘောဆန္ဒကိုရယူကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းသား ၊ကျောင်းသူ စုစုပေါင်း( ၃၇၆ )ဦးခန့်ကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် အမျိုးသမီးရေးရာအဖွဲ့နှင့် တာဝန်ရှိသူတို့ကသွားရောက်ကြည့်ရှု့ကာ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့်ကျန်ရှိသည့်အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူများအားသက်မှတ်စုရပ်များတွင် သတ်မှတ်ရက်အလိုက်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နှင်းမြူလွင် ပလောက်